တစ်လုပ်စာ လက်ဖက်သုပ်လေး
လက်ဖက် 1/2 cup
ပုဇွန်ခြောက် အရွယ်လတ် အကောင် 30 ခန့်
ငရုပ်သီးစိမ်း 6-10 တောင့်
ငါးငံပြာရည် သင်ရုံ
သကြား 1/4 လက်ဘက်ရည်ဇွန်း
သံပုရာရည် သင့်ရုံ
ပြုလုပ်နည်း
လက်ဖက်ကို ရေ3 ပြန်လောက်ဆေးပီး ရေကုန်အောင်ညှစ်ထုတ်ထားပါ ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်း တို့ကို ထောင်းပါ လက်ဖက်ထောာင်းထည့်ပါ သကြား အချိုမှုန့် ဆား ငံပြာရည် သံပုရာရည်တိုထည့်ထောင်းပါ အရသာ စိတ်ကြိုက်ဖြစ်ပီ ဆိုလျှင်ဖန်ဗူးတွင် လေမခိုအောင် ဖိသိပ် ထည့်ပီး အခဲခန်းထဲမှာ သိမ်းပါတယ် ဆီမြုတ်အောင်စိမ်ပီး မခဲတဲ့ အထပ်မှာလည်း သိမ်းနိုင်ပါတယ်
လက်ဖက်ကို ချဉ်ငံစပ်သုပ်စားတာ မကြိုက်တဲ့ သူတွေက အညွန့်လေးတွေကို ဂေါ်ဖီ ကြက်သွန်ဖြူတိုကို ပါးပါးလေးလှီး ငရုတ်သီးစိမ်းပါးပါးလှီး ဆား အချိုမှုန့် ဆီတို့ကို ထည့် တူနဲ့ ဖွဖွ လေးနယ် ပုဇွန်ခြောက်ကြော် ပဲကြော်လေးနဲ့ တပုံစီး ပုံပီး စားပါတယ်
No comments:
Post a Comment