Wednesday, March 16, 2016

သြစတေးလျမှ အလွန်လှပသော ပန်းရောင်ရေကန် Hillier လို့ အမည်တွင်တဲ့ ပန်းရောင်ရေကန်ဟာ သြစတေးလျနိုင်ငံမှ တည်ရှိပါတယ်၊အလွန်ပင် ထူးခြားသောရေကန်တစ်ခုပင်ဖြစ်ပါတယ် ထိုရေကန်သည် ကျွန်း၏ အလယ်တွင် ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ် ရေကန်မှာ ရှိတဲ့ ရေအားလုံးဟာ ပန်းရောင်ဖြစ်နေပါတယ် ဘာကြောင့်လဲဆိုတော့ ထိုရေကန်အတွင်းမှ ရေညှိများဟာ ရေကန်ရှိ ရေများကို ပန်းရောင်သို့ ပြောင်းစေသောကြောင့် ဖြစ်ပါတယ် Hillier ကန်သည် အလျား 600 မီတာနှင့် အနံ 250 မီတာ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ရေကန်အတွင်းရှိ ရေများသည် တည်ငြိမ်နေခြင်းမရှိဘဲ လှုပ်ရှားနေတယ်လို့ ဆိုပါတယ် အရောင်သည်လည်း ပန်းရောင်ကလွဲပြီး အခြားသော အရောင်သို့ ပြောင်းလဲခြင်းမရှိပါဘူး။ ထိုရေကန်ကို အဝေးမှ ကြည်လျှင် ခွက်တစ်ခု အတွင်းသို့ အချိုရည်များ ထည့်ထားသကဲ့သို့ ထင်ရပါတယ် Hillier Lake ကန်ကို 1802 ခုနှစ်မှာ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ထိုရေကန်ကို တွေ့ရှိခဲ့တဲ့ လူကတော့ မော်တယ် ဆိုသူပင် ဖြစ်ပါတယ်



No comments:

Post a Comment