Monday, March 7, 2016

ဒီတစ်ခါတော့ မုန့်ဟင်းခါး ချက်နည်းလေး တင်ပြပေးလိုက်ပါတယ် မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မနက်ခင်းစားပဲစားစား နေ့လည်အစားပြေ့စားပဲစားစား မုန့်ဟင်းခါးချက်စားရအောင်လေ

မုန့်ဟင်းခါး ချက်နည်း

မုန့်ဖတ် ၈ ပိသာာ
ပဲမှုံ့ ၇၀ ကျပ်သား
ဆီ ၄၀ ကျပ်သား
သွံနီ ၁ါ
သွံဖြူ ၁၅ ကျပ်သား
ဂျင်း ၅ကျပ်သား
ငြုပ်ဆီ ၅ါး
ငါး ၁ါ
ငံပြာရည် ၁ ဗူး
အချိုမှုံ့ ၁၅ါး ခန့်
ဆား ၅ါး

ငါးကိုင်ပြီး ငံပြာရည်ဘူးတစ်ဝက် ဆားနဲနဲ၊ နနွင်းနဲနနဲ နယ်ပြီး ရေထဲ့ပြုတ်ပါ(ကျက်လျှင် အသင့်နွှင်ထားပါ)

1. ဆီ၂၅ ကျပ်သားလောက်ထဲ့ပြီး ဆူရင် သွန်နီ 25 ကျပ်သား လှီးပြီး အရင်ကြော်ပါ
ကျက်ရင်ခဏ ဆယ်ထားပါ
2. ထိုဆီပူထဲကို သွန်ဖြူထောင်းပြီးသားထဲ့ကြော်ပါ
3. သွန်ဖြူကျက်ခါနီးမှာ ဂျင်းထောင်းပြီးသားထဲ့ပါ
4. ခဏကြာရင် သွံနီကြက်ပြီးသားပြန်ထဲ့ပါ
5. အဲဒါတွေကျက်ရင် ငြုပ်ဆီ ထဲ့မွှေ
6. ပြီးရင် ငါးထွင်ပြီးသားထည့်မွှေပါ
7. မွှေးနေအောင်ဆီနာနာသတ်ပါ
8. ပဲမှုန့်ရေဖျော်ပြီးသားကို ထည့်ပြီး နာနာမွှေပါ၊ အောက်မကပ်စေရန် ရေမဆူမချင်းဆက်တိုက်မွှေပါ၊
9. ပျစ်နေအောင်မွှေပါ ၊ နဲနဲနီအောင်မွှေရပါမယ်
10. ပျစ်သွားပြီဆိုမှ ရေကိုသင့်တင့်ရုံထဲ့ပါ ၊
ရေက တစ်ပိသာကိုရှစ်ခွက်လောက်ထဲ့ပါ၊ ရှစ်ပိသာကို ခွက် 30 ကျော်ကျော်လောက်ထဲ့ပါ
11. သွန်နီ 50 သား ခွဲခြမ်း ကိုတစ်ခါတည်းထဲ့မွှေပါ ၊
12. ရေဆူပြီဆိုရင် ငှက်ပျောအူ လှီးပြီးသား (နနွင်း၊ဆားနယ်ပြီး ရေသုံးထပ်ဆေးထားပြီးသား) ကိုထဲ့ပါ
ငှက်ပျောအူကိုနုနုလေး ထည့်ပါ၊ ငှက်ပျောအူထဲ့လျှင် သွန်နီကို ၂၅ကျပ်သားလောက်ပဲထဲ့ပါ
13. ရေဆူရင် အပေါ့အငံမြည်းပြီး အချိုမှုန့်၊ ငံပြာရည်တို့ကို လိုသလို ထည့်ပါ( ပေါ့ချိုလေးပဲချက်ပါ )
14. ရေပွက်ပွက်ဆူရင် ငါးဖယ်ချစ်တို့ ဘဲဥပြုတ်ပြီးသားတို့ထဲ့ပါ
15. နံနံပင် ညှပ်ပါ ၊ သံပုရာသီး လှီးထားပါ ( ပြီးလျှင် လိုသလိုထည့်ကာ စားသုံးနိုင်ပါပြီ)





No comments:

Post a Comment