Saturday, March 26, 2016

ကိုရီးယား ထမင်းသုပ် (Bibimbap)






ဟင်းနုနွယ်  1စည်း
မုန်လာဥနီ  1 လုံး
ငရုတ်ပွဝါ  1လုံး
ပဲပင်ပေါက် 5ကျပ်သား
ရှီတာကီမှို  3ပွင့်
သခွားသီး 1လုံး
ကြက်သား  20သား
ရေညှိ  1ရွက်
ဆား  အနည်းငယ်
ကြက်ဥ  3လုံး
နှမ်းဖြူ နှမ်းမဲ  အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ဆီ  အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
ငရုတ်နှစ်  အနည်းငယ်
သကြား  အနည်းငယ်
ဆန်ဗီနီကာ  အနည်းငယ် (seasoned rice vinegar)
ကြက်သားကိုပါးပါးလှီး ဆား သကြား ပအကြည်ရည် နှမ်းဆီမွှေးတို့နှင့် နယ်ပြီးခဏနှပ်ကာ ကြက်သွန်ဖြူ ထောင်းဆီအနည်းငယ်ဖြင့်ကြော်ထားပါ။
ပဲပင်ပေါက်ဟင်းနုနွယ်ကိုရေနွေးဖျောပြီးရေအေးစိမ်ရေစစ်ကာဆားနှမ်းဆီမွှေးတို့နှင့်နယ်ထားပါ။
ကျန်အသီးအရွက်များကိုအနေတော်လှီးဖြတ်ပီး ဆီအနည်းငယ်ဖြင့် ဆားတည့်ကာ 2မိနစ်ခန့်ကြော်ထားပါ။
ရှီတာကီမှိုကို ရေစိမ် ပါးပါးလှီးကြက်သွန်နီခပ်ကြမ်းကြမ်းလှီးပဲငံပြာရည်နှင့်ကြော်ထားပါ။
ကိုရီးယားငရုတ်နှစ်ထဲသို့ပဲငံပြာရည် ဆန်ဗီနီကာ နှမ်းထည့်မွှေထားပါ။
ရေညှိကိုမျှင်မျှင်ဖြတ်ထားပါ။
အားလုံးအဆင်သင့်ဖြစ်လျှင်ထမင်းပူပူပေါ်ကြက်သား အသီးအရွက်ရေညှိ များတင်ပါ။
ကြက်ဥကို အကာကျက်ကြော်ထည့်ပါ။ ငရုတ်နှစ် နှမ်းဆီမွှေးထည့်ပါ။ နှံအောင်မွှေပြီး နှမ်းဖြူးကာ စားလို့ရပါပီးရှင့်

No comments:

Post a Comment