Tuesday, March 29, 2016

ငါးသောက်ဆမ်း ငါးချက်နည်း





 ပါဝင်ပစ္စည်းများ
ငါး
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ဂျင်း
မကျည်းသီး
ဆီး
ဆား
ဆနွင်းမှုန့်
ငပိ (မျှင်ငပိ အနည်းငယ်)
အရသာမှုန့် သို့မဟုတ် ဟင်းချိုမှုန့်

ချက်ပြုတ်နည်း
ငါးကို သေချာမကိုင်တက်တော့ ငါးချက်စားဖြစ်ရင် ငါးတစ်ကောင်လုံးဝယ်ပြီး
အတုံးသေး တုံးခိုင်းတယ် အတုံးတုံးပြီးသားကိုပဲ ၀ယ်ဖြစ်ပါတယ် ပုံမှပြထားတဲ့ အတိုင်း ငါးအသာတုံးတွေကို မညှီအောင် ဆားရည်အနည်းဖြင့် ဆေးပါတယ် ပြီးရင် ရေစစ်ပြီးရင် ရေစစ်ပြီးထားပါတယ် ငါးဝယ်တာများတာမို့ ငါးသောက်ဆမ်းနဲ့ငါးကိုကြော်ပြီး ခရမ်းချဉ်သီး အနှစ်ဖြင့် ဆီပြန်ချက် လုပ်စားပါတယ်
ငရုပ်သီးစိမ်း သင့်တော်သလောက်ကို အညှာချွေပြီး ဆား ဂျင်း ငပိ အနည်းငယ်တို့ဖြင့် ရောထောင်းထားပါ။
ကြက်သွန်နီကို ပါးပါးလှီးထားပါ။
ချက်မည်အိုးဖြင့် ဆီအနည်းငယ်သုံးကာ ဆီသတ်ထားပါ။
ဆီပူလာလျှင် နနွင်းမှုန့်ထည့်ပေးပါ ကြက်သွန်နီထည့်ပေးပါ ငရုပ်သီးအနှစ်ထောင်းကို ထည့်ပြီး ဆီသတ်ထားပါ။
ငရုတ်သီးအနှစ်တို့ဖြင့် ခဏကြာ မွှေးပေးပြီးလျှင် ငါးကိုထည့်ပြီး အနှစ်ဖြင့် သမအောင် ထည့်မွှေးပေးပါ။
ပြီးလျှင် မကျည်းသီးအနှုစ်ဖျော်ရည်ကို ထည့်ကာ အပေါ့အငံမြည်းနိုင်ပါပြီး  အနံပိုမွှေးသွားအောင် နံနံပင်အုပ်ပြီး အဖုံးဖုံးကာ မီးပိတ်လိုက်ရင် ငါးသောက်ဆမ်းဟင်းရပါပြီး  မကျည်းချဉ်ကို လျော့ထည့်ကာ စားခါးနီးတွင် သံပုရာသီးညှစ်ပြီးစားသုံးရတာ ပိုပြီတော့ကောင်းပါတယ် ငါးသောက်ဆမ်းဟင်းရည်မှာ ငါးမှ ထွက်တဲ့ အချိုဓာတ်အရသာဖြင့် ချဉ်စပ်အရသာ ဖြစ်ပါတယ် ဟင်းချိုလို သောက်လို့ရသလို့ ဆမ်းစားရင်လည်း ကောင်းပါတယ်။
ငါးသောက်ဆမ်းချက်စားရင် ဟောဒီက သရက်သီးထောင်း သရက်သီး သခွားသီး တခြားတို့စရာများဖြင့် တွဲစားပါမှ ပိုပြီး ထမင်းမြိန်တာကိုတွေ့ရပါတယ်

No comments:

Post a Comment