Tuesday, March 29, 2016

ငါးသောက်ဆမ်း ငါးချက်နည်း





 ပါဝင်ပစ္စည်းများ
ငါး
ငရုတ်သီးစိမ်း
ကြက်သွန်နီ
ဂျင်း
မကျည်းသီး
ဆီး
ဆား
ဆနွင်းမှုန့်
ငပိ (မျှင်ငပိ အနည်းငယ်)
အရသာမှုန့် သို့မဟုတ် ဟင်းချိုမှုန့်

ချက်ပြုတ်နည်း
ငါးကို သေချာမကိုင်တက်တော့ ငါးချက်စားဖြစ်ရင် ငါးတစ်ကောင်လုံးဝယ်ပြီး
အတုံးသေး တုံးခိုင်းတယ် အတုံးတုံးပြီးသားကိုပဲ ၀ယ်ဖြစ်ပါတယ် ပုံမှပြထားတဲ့ အတိုင်း ငါးအသာတုံးတွေကို မညှီအောင် ဆားရည်အနည်းဖြင့် ဆေးပါတယ် ပြီးရင် ရေစစ်ပြီးရင် ရေစစ်ပြီးထားပါတယ် ငါးဝယ်တာများတာမို့ ငါးသောက်ဆမ်းနဲ့ငါးကိုကြော်ပြီး ခရမ်းချဉ်သီး အနှစ်ဖြင့် ဆီပြန်ချက် လုပ်စားပါတယ်
ငရုပ်သီးစိမ်း သင့်တော်သလောက်ကို အညှာချွေပြီး ဆား ဂျင်း ငပိ အနည်းငယ်တို့ဖြင့် ရောထောင်းထားပါ။
ကြက်သွန်နီကို ပါးပါးလှီးထားပါ။
ချက်မည်အိုးဖြင့် ဆီအနည်းငယ်သုံးကာ ဆီသတ်ထားပါ။
ဆီပူလာလျှင် နနွင်းမှုန့်ထည့်ပေးပါ ကြက်သွန်နီထည့်ပေးပါ ငရုပ်သီးအနှစ်ထောင်းကို ထည့်ပြီး ဆီသတ်ထားပါ။
ငရုတ်သီးအနှစ်တို့ဖြင့် ခဏကြာ မွှေးပေးပြီးလျှင် ငါးကိုထည့်ပြီး အနှစ်ဖြင့် သမအောင် ထည့်မွှေးပေးပါ။
ပြီးလျှင် မကျည်းသီးအနှုစ်ဖျော်ရည်ကို ထည့်ကာ အပေါ့အငံမြည်းနိုင်ပါပြီး  အနံပိုမွှေးသွားအောင် နံနံပင်အုပ်ပြီး အဖုံးဖုံးကာ မီးပိတ်လိုက်ရင် ငါးသောက်ဆမ်းဟင်းရပါပြီး  မကျည်းချဉ်ကို လျော့ထည့်ကာ စားခါးနီးတွင် သံပုရာသီးညှစ်ပြီးစားသုံးရတာ ပိုပြီတော့ကောင်းပါတယ် ငါးသောက်ဆမ်းဟင်းရည်မှာ ငါးမှ ထွက်တဲ့ အချိုဓာတ်အရသာဖြင့် ချဉ်စပ်အရသာ ဖြစ်ပါတယ် ဟင်းချိုလို သောက်လို့ရသလို့ ဆမ်းစားရင်လည်း ကောင်းပါတယ်။
ငါးသောက်ဆမ်းချက်စားရင် ဟောဒီက သရက်သီးထောင်း သရက်သီး သခွားသီး တခြားတို့စရာများဖြင့် တွဲစားပါမှ ပိုပြီး ထမင်းမြိန်တာကိုတွေ့ရပါတယ်

နွေရာသီ ပူပူလေးမှာ အသီးလေတွေစားရအောင်


















Sunday, March 27, 2016

လက်ဖက်သုပ်လေးတွေ လုပ်စားရအောင်

 တစ်လုပ်စာ လက်ဖက်သုပ်လေး












လက်ဖက်  1/2 cup
ပုဇွန်ခြောက် အရွယ်လတ် အကောင် 30 ခန့်
ငရုပ်သီးစိမ်း 6-10 တောင့်
ငါးငံပြာရည် သင်ရုံ
သကြား 1/4 လက်ဘက်ရည်ဇွန်း
သံပုရာရည် သင့်ရုံ
ပြုလုပ်နည်း
လက်ဖက်ကို ရေ3 ပြန်လောက်ဆေးပီး ရေကုန်အောင်ညှစ်ထုတ်ထားပါ ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်း တို့ကို ထောင်းပါ လက်ဖက်ထောာင်းထည့်ပါ သကြား အချိုမှုန့် ဆား ငံပြာရည် သံပုရာရည်တိုထည့်ထောင်းပါ အရသာ စိတ်ကြိုက်ဖြစ်ပီ ဆိုလျှင်ဖန်ဗူးတွင် လေမခိုအောင် ဖိသိပ် ထည့်ပီး အခဲခန်းထဲမှာ သိမ်းပါတယ် ဆီမြုတ်အောင်စိမ်ပီး မခဲတဲ့ အထပ်မှာလည်း သိမ်းနိုင်ပါတယ်
လက်ဖက်ကို ချဉ်ငံစပ်သုပ်စားတာ မကြိုက်တဲ့ သူတွေက အညွန့်လေးတွေကို ဂေါ်ဖီ ကြက်သွန်ဖြူတိုကို ပါးပါးလေးလှီး ငရုတ်သီးစိမ်းပါးပါးလှီး ဆား အချိုမှုန့် ဆီတို့ကို ထည့် တူနဲ့ ဖွဖွ လေးနယ် ပုဇွန်ခြောက်ကြော် ပဲကြော်လေးနဲ့ တပုံစီး ပုံပီး စားပါတယ်

Saturday, March 26, 2016

ကိုရီးယား ထမင်းသုပ် (Bibimbap)






ဟင်းနုနွယ်  1စည်း
မုန်လာဥနီ  1 လုံး
ငရုတ်ပွဝါ  1လုံး
ပဲပင်ပေါက် 5ကျပ်သား
ရှီတာကီမှို  3ပွင့်
သခွားသီး 1လုံး
ကြက်သား  20သား
ရေညှိ  1ရွက်
ဆား  အနည်းငယ်
ကြက်ဥ  3လုံး
နှမ်းဖြူ နှမ်းမဲ  အနည်းငယ်
ပဲငံပြာရည်အကြည် အနည်းငယ်
ဆီ  အနည်းငယ်
နှမ်းဆီမွှေး အနည်းငယ်
ငရုတ်နှစ်  အနည်းငယ်
သကြား  အနည်းငယ်
ဆန်ဗီနီကာ  အနည်းငယ် (seasoned rice vinegar)
ကြက်သားကိုပါးပါးလှီး ဆား သကြား ပအကြည်ရည် နှမ်းဆီမွှေးတို့နှင့် နယ်ပြီးခဏနှပ်ကာ ကြက်သွန်ဖြူ ထောင်းဆီအနည်းငယ်ဖြင့်ကြော်ထားပါ။
ပဲပင်ပေါက်ဟင်းနုနွယ်ကိုရေနွေးဖျောပြီးရေအေးစိမ်ရေစစ်ကာဆားနှမ်းဆီမွှေးတို့နှင့်နယ်ထားပါ။
ကျန်အသီးအရွက်များကိုအနေတော်လှီးဖြတ်ပီး ဆီအနည်းငယ်ဖြင့် ဆားတည့်ကာ 2မိနစ်ခန့်ကြော်ထားပါ။
ရှီတာကီမှိုကို ရေစိမ် ပါးပါးလှီးကြက်သွန်နီခပ်ကြမ်းကြမ်းလှီးပဲငံပြာရည်နှင့်ကြော်ထားပါ။
ကိုရီးယားငရုတ်နှစ်ထဲသို့ပဲငံပြာရည် ဆန်ဗီနီကာ နှမ်းထည့်မွှေထားပါ။
ရေညှိကိုမျှင်မျှင်ဖြတ်ထားပါ။
အားလုံးအဆင်သင့်ဖြစ်လျှင်ထမင်းပူပူပေါ်ကြက်သား အသီးအရွက်ရေညှိ များတင်ပါ။
ကြက်ဥကို အကာကျက်ကြော်ထည့်ပါ။ ငရုတ်နှစ် နှမ်းဆီမွှေးထည့်ပါ။ နှံအောင်မွှေပြီး နှမ်းဖြူးကာ စားလို့ရပါပီးရှင့်

အပြင်မှာ အရမ်းပူပါတယ် ဂရုစိုက်ကြပါလို့ ပြောပါရစေ ရင်ထဲအေးသွားအောင်တော့ Victoria ကကူညီနိုင်ပါတယ် နွေရာသီရဲ့ ခံတွင်းမြိန်စရာတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်